All Categories
    Filters
    Preferences
    Search

    Protective Gear

    Protective Gear
    View as Grid List
    Sort by
    Display per page

    Helmet Password Lock

    7,000 MMK
    Lock ဆိုတာ ပိုင်ဆိုင်မှုရဲ့ ပြယုဂ်တစ်ခုပါ။ သော့တံနဲ့ပဲဖြစ်ဖြစ်၊ နံပါတ်တွေနဲ့ပဲဖြစ်ဖြစ် အမှတ်အသား၊ စာလိမ်၊ အသံ၊ လက်ဗွေ၊ လှုပ်ရှားမှု အသွင်မျိုးစုံနဲ့ ချည်နှောင်တတ်ကြပါတယ်။ နေရာတိုင်း သော့ခလောက်ကြီးနဲ့ သော့တံကိုချည်းပဲ ပြေးမြင်မိလို့မဖြစ်။ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ သော့တံကြီးနဲ့ လိုက်ခတ်ထားရင်လည်း ချမ်းသာတဲ့သူဆို သော့တံချည်းပဲ ကျန်ကျောင်းအိတ်တစ်လုံးစာ ထည့်ထားရမယ့်ကိန်း သော့တံမလိုတဲ့ အဆင့်မြင့်မြင့် သော့ခလောက်တွေ ရှိပါတယ်။ Helmet Password Lock ၇၀၀၀ကျပ် (7,000Ks) ခရီးသွားတဲ့အခါ ဂိတ်မှာ ခရီးဆောင်အိတ် ခဏချ အပေါ့အပါးသွားတဲ့အခါ စိတ်မချရင် ဒီသော့လေးနဲ့ခတ်သွား ဆိုင်ကယ်ခဏရပ် ဘဏ်ထဲသွားလို့ ဦးထုပ်ဆောင်းမ၀င်ရ တားမြစ်ချက်တွေ့တဲ့အခါ ဆိုင်ကယ်ကိုင်းတခုခုမှာ ဦးထုပ်ကိုကြိုးသော့နဲ့ခတ်သွားလို့ရပါတယ်။ အိမ်တံခါး၊ သေတ္တာ၊ လှေကားတံခါး၊ စက်ဘီး၊ ဆိုင်ကယ်၊ လက်တွန်းလှည်း၊ စျေးရောင်းထီလှည်း မျိုးစုံခတ်နိုင်တဲ့အပြင် ဦးရဲကြီးတို့တွက် လိုအပ်ရင် လက်ထိပ်အစား နောက်ပြန်ကြိုးတုပ် သော့ခတ်ဖမ်းနိုင်တဲ့ အိတ်ဆောင်ထောက်ကူပြုကိရိယာလည်းဖြစ်ပါသေးတယ်။ ကြိုးအရှည် 32လက်မရှိပြီး လိုသလို ချုံ့ချဲ့ထားနိုင်တာကြောင့် တံခါး/ပတ္တာ/မျောက်လက် ကြီးကြီးသေးသေး ခတ်လို့ရပါတယ်။ ခတ်ပြီး နံပါတ်လှည့် ခလုတ်နှိပ်ထားလိုက်တာနဲ့ ကြိုးအနေအထားပါကွက်တိ။ လောပိတဓါတ်ကြိုးတွေလို စတီးကေဘယ် ခိုင်ခိုင်ခန့်ခန့်ကြိုးမျိုးဖြစ်ပြီး ကိုယ်ထည်က ကားဘော်ဒီ/ ဘန်ဘာတွေလုပ်တဲ့ ABS plastic မျိုးဆိုတော့ စိတ်ချလက်ချ ခတ်ထားလို့ရပါတယ်။ မူရင်းနံပါတ်က 000 ပါ။ ကိုယ့်စိတ်ကြိုက် 001 ကနေ 999 အထိ ပြောင်းလို့ရပါတယ်။ အားနည်းချက်။ ။ ကိုယ်တိုင်ပြောင်းထားတဲ့ ပက်စ်ဝေါ့ မေ့သွားရင်တော့ သော့ပြင်ဆရာလည်း မကယ်နိုင်ပြီ။ Specification: Material:ABS plastic+Hard steel lock hook Lock weight: 45g (about) Size: 65×47×11mm (about) Lock hook length : 820 mm Unlocking mode: Password unlocking Color : Silver, Black, Pink Suit for: Traveling outdoor luggage, travel backpack, Gym locker, storage ,box, toolbox, etc. Package Included: 1 Smart lock ❤️❤️❤️❤️❤️❤️❤️❤️❤️ ဆက်သွယ်ဝယ်ယူမှာကြားရန် အသစ်အဆန်းပစ္စည်းများ အရောင်းဆိုင် အမှတ်(၁)၊ အရှေ့ဗဟိုလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ☎ 09777056006, 09971114002, 09421039240 📵Viber 09777056006, 09971114002 🚕Deliver 09699916515 Retractable cable lock

    Protective Gear

    Filter by:

    Clear All
    Manufacturers